သတင်းများ

ဓနုဖြူမြို့နယ်၌ တိရစ္ဆာန်အစာ နေဗီယာမြက်သရုပ်ပြစိုက်ခင်း ကွင်းဆင်းကြည့်ရှု
Jun 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှေဆိပ်ကျေးရွာရှိ တောင်သူ ဦးနေအုတ်၏ စိုက်ပျိုးဧက (၁.၃၄)ဧကတွင် တိရစ္ဆာန်အစာ နေဗီယာမြက် သရုပ်ပြ စိုက်ခင်းစိုက်ပျိုးထားရှိမှု အခြေအနေ ကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ပိုင်ကျုံပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Jun 22,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ပြုလုပ်ခဲ့သည်။
မတ္တရာမြို့နယ်မှ လေဘေးသင့်ပြည်သူ ၃၅၉ဦး အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်
Jun 22,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မေလ ၁၆ ရက်နေ့က  လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စိုက်ပျိုးရေးနှင့်‌မွေးမြူရေး ရုံးအဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားသတင်း
Jun 22,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်းနှင့် ၁၀၁လမ်းထောင့်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးရုံးသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၈:၀၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင် ကိုနှင့်အစိုးရအဖွဲ့၀င်၀န်ကြီးများ ၊စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှုးနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်စမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jun 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၌မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 22,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက် မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေးဝဲယာ၌ ဥတ္တရခရိုင်နှင့်ပုဗ္ဗသီရိမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။
ကျောက်တံခါးမြို့တွင် မိုးရာသီ တိရစ္ဆာန်အစာပင်‌ နေဗီယာမြက် စိုက်ပျိုးပွဲကျင်းပ
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂ခုနှစ်  မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းအား ယမန်နေ့က ကွင်းမြောက်ရပ်ကွက်ရှိ မွေးမြူရေးလုပ်ကိုင်သူ ဦးသီဟအောင်နှင့် ကျောင်းစိုး ကျေးရွာအုပ်စု၊ ထိန်တောကျေးရွာရှိ တောင်သူ ဦးဇော်မင်းအောင်တို့၏ နေဗီယာမြက် (၂.၅)ဧက စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ကြီးကြပ်မှုကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။
ကျောက်ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲပြုလုပ်
Jun 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ အခမ်း အနားကို ယနေ့နံနက်(၁၀)နာရီကအဆိုပါ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။