ဓနုဖြူမြို့နယ်၌ တိရစ္ဆာန်အစာ နေဗီယာမြက်သရုပ်ပြစိုက်ခင်း ကွင်းဆင်းကြည့်ရှု

ဓနုဖြူ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှေဆိပ်ကျေးရွာရှိ တောင်သူ ဦးနေအုတ်၏ စိုက်ပျိုးဧက (၁.၃၄)ဧကတွင် တိရစ္ဆာန်အစာ နေဗီယာမြက် သရုပ်ပြ စိုက်ခင်းစိုက်ပျိုးထားရှိမှု အခြေအနေ ကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ဓနုဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအိချိုဇင်က တိရစ္ဆာန် အစာပင် စိုက်ပျိုးခြင်း ဖြင့် လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး လာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရ ကြွယ်ဝသော အစားအစာအဖြစ် ကျွေးမွေးရန်၊ ပြည်တွင်း ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းစေသော တိရစ္ဆာန်အစာများ ဖူလုံစွာ သုံးစွဲနိုင်ကြစေရန်နှင့် နေဗီယာမြက်ကို နွားစာအဖြစ် ကျွေးမွေး ပါက လိုအပ်သော အာဟာရဓာတ်ပမာဏများ ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ နေဗီယာမြက် စိုက်ပျိုးထားရှိခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့​သည်။

မြို့နယ်(ပြန်/ဆက်)