ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်စမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဒဂုံတောင် ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကျန်းမာရေးဌာနခွဲသို့ဆေးထိုးရန် လာရောက်ကြသော  ကလေးငယ်များနှင့်မိခင်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး သတ်မှတ်နေရာများ၌ နားနေစေပြီး စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကလေးငယ်များအတွက်လည်း ရာသီအလိုက် ဖြစ်ပေါ်တက်သော ကူးစက်ရောဂါများဒဏ်မှလည်း ကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ဒေသန္တရကျန်းမာရေးဌာနခွဲများတွင် ပုံမှန်ထိုးနှံပေးလျက်ရှိပြီး အဆိုပါ ကလေးပုံမှန်ကာကွယ်ဆေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

သက်မင်းဟန်