ကျောက်တံခါး ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းအား ယမန်နေ့က ကွင်းမြောက်ရပ်ကွက်ရှိ မွေးမြူရေးလုပ်ကိုင်သူ ဦးသီဟအောင်နှင့် ကျောင်းစိုး ကျေးရွာအုပ်စု၊ ထိန်တောကျေးရွာရှိ တောင်သူ ဦးဇော်မင်းအောင်တို့၏ နေဗီယာမြက် (၂.၅)ဧက စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ကြီးကြပ်မှုကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။
ရှေးဦးစွာ ကျောက်တံခါးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာ နှင်းနုလွင်က တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူသည့် စနစ်သို့ ကူးပြောင်းပြီး တိရစ္ဆာန်မှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို သဘာဝမြေသြဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ခြင်း၊ အစာရေစာရှားပါးသောဒေသများနှင့် အစာဖိုးကုန်ကျစရိတ် မြင့်တက် နေချိန်တို့တွင် ဖြည့်စွက်အစာစိမ်းအနေဖြင့် (ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်) အစရှိသည့် ဒေသထွက် အစာနုနှင့် ရောစပ်ကျွေးမွေးခြင်းဖြင့် တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝစွာရရှိခြင်း၊ ထုတ်လုပ်မှုကောင်းစွာရရှိခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာပင် စိုက်ပျိုးထားရှိခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)