ပိုင်ကျုံပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ

ပိုင်ကျုံ ဇွန် ၂၂

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ပြုလုပ်ခဲ့သည်။

ထိုသို့ပြသဆောင်ရွက်ရာတွင် ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ စာပေဖတ်ရှုခြင်းဖြင့် ကျောင်းစာအပြင် ပြင်ပဗဟု သုတစာပေများလေ့လာနိုင်ရန်နှင့် ရုံးစာကြည့်တိုက်သို့ စာအုပ်များငှားရမ်းဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန် ပြသဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သည့် ဆိုးကျိုးများအကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက ကျောင်းသား၊ကျောင်းသူများအား ရှင်းလင်းပြောကြားသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာ စောင်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ ဆေးလိပ်သောက်သုံးခြင်းနှင့် ကွမ်းစားခြင်းတို့ကြောင့် ကင်ဆာရောဂါများဖြစ်ပွားပုံ အကြောင်းအရာပါ နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို ပြသပေးခဲ့ရာ ကျောင် းသား၊ ကျောင်းသူများနှင့်စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းကြသည့် ပြည်သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)