ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၌မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပုဗ္ဗသီရိ ဇွန် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက် မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေးဝဲယာ၌ ဥတ္တရခရိုင်နှင့်ပုဗ္ဗသီရိမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများပူးပေါင်း၍   မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပခြင်းဖြင့် မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေးဝဲယာ စိမ်းလမ်းသာယာလှပစေရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အကျိုးကျေးဇူးများရရှိစေရေး၊ သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဟာ ဂေဟစနစ် ပြန်လည်ကောင်းမွန်ရှင်သန်ရေးနှင့် သစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းရေး လုပ်ငန်းများမှာ အများပြည်သူများ တက်ကြွစွာပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်၍ ယခုလိုသစ်ပင် စိုက်ပျိုးပွဲအခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဥတ္တရခရိုင်ဌာနဆိုင်ရာတာန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များထံသို့ ပျိုးပင်များပေးအပ်ခဲ့ပြီး ဥတ္တရခရိုင်  အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲဝင် ဒုတိယ ဗိုလ်မှူးကြီး သန်းဇော်ထူး၊ ဥတ္တရခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်း၊ ဥတ္တရခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဝင်း၊ ပုဗ္ဗသီရိမြို့နယ်စီမံရေးအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရက်ကွက်၊ ကျေးရွာနေပြည်သူတို့က ကျွန်းပင် ၁၅ပင်၊ သရက်ပင် ၈၂ ပင်၊ ပိတောက်ပင် ၃၅ ပင်၊ မဲဇလီပင် ၁၈ ပင်၊ ပိန္နဲပင် ၂၄ ပင်၊ စိန်ပန်း ၂၀ ပင်နှင့် ပျိုးပင်မျိုးစုံတို့ကို စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

မျိုးသီဟ(ပြန်/ဆက်)