သတင်းများ

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ပခုက္ကူဦးအုံးဖေစာပေဆု ရရှိသူအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်
May 12,2022
မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်စာပေညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ပခုက္ကူ ဦးအုံးဖေစာပေဆု ရရှိသူအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင် မြို့နယ်စာရေးဆရာအသင်းရုံး ရသအောင်မြေ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  ထိုးနှံပေးခြင်းနှင့် ဟောပြောပွဲများပြုလုပ်
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့် အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍  အသက် (၅)နှစ်မှ (၁၂)နှစ်ထိ  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို  ယနေ့ နံနက်ပိုင်းက  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မံစီမြို့နယ်၌ သဘာဝတောအတွင်း တောခုတ်မီးရှို့ခြင်းမှ ကာကွယ်ရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော
May 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် (ဟန်ထက်-မန်သာ-စီအူ) ကားလမ်းဘေး နောင်ဟူး ကြိုးဝိုင်း အကွက်အမှတ် (၁၈) သစ်တောစိုက်ခင်း ပျိုးဥယျာဉ် ပင်မရှင်းလင်းဆောင်၌ ယနေ့ နံနက် ၉ နာရီက သဘာဝတောအတွင်း တောခုတ်မီးရှို့ခြင်းမှ ကာကွယ်ရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။            
ဒေါ့ဖုန်းယန်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
May 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနမှ မော်တော်ယာဉ်ဖြင့် လူထုဖြန့်ပျိုးပင်များ "အခမဲ့" ဖြန့်ဝေပေး
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်များကို ယမန်နေ့ နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့်"အခမဲ့" ဖြန့်ဝေပေး လျက်ရှိ ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
May 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲကို ဇွန်လ ၅ ရက် မွန်းလွဲ ၁ နာရီတွင် လုံးစန့်ကျေးရွာအုပ်စု မနခေါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့သည်။
ဓနုဖြူမြို့နယ်၌ မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) မြေခံထည့်သွင်းပွဲ အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု ဧက(၁၀၀)၊ တင်း(၁၀၀)စံပြကွက်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) မြေခံထည့်သွင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ကျုံပျော်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၃၀)မှ ကလေးငယ် (၂၆၈၁)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ‌ပေး
May 12,2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသေဆုံးမှု လျှော့နည်း‌စေရန်အတွက် အသက်အရွယ် အပိုင်းအခြား အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း (၃၀)မှ အသက်(၅)နှစ်မှ (၁၂)အတွင်း ကလေးငယ် စုစုပေါင်း (၂၆၈၁)ဦးကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။