ချမ်းမြသာစည် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်းနှင့် ၁၀၁လမ်းထောင့်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးရုံးသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၈:၀၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင် ကိုနှင့်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှုးနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကိုမှ ရုံးအဆောက်အဦးသစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီးစိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှုး ဒေါက်တာရဲတင့်ထွန်းမှ စိုက်ပျိုးရေးနှင့် ပါတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရုံးသစ်ဖွင့်ပွဲအခမ်းအနားအားအောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းရသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)