ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ဆောင်ရွက်

ပြင်ဦးလွင် ဇူလိုင် ၁

အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဖတ်ရှုတတ်သည့် အလေ့ အကျင့်ကောင်းများ ပြုစုပျိုးထောင်နိုင်ရန် ရည်ရွယ်၍  ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နေ့လယ် ၁ နာရီက မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ  ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ကျောင်းသား‌၊ ကျောင်းသူလူငယ်လေးများအနေဖြင့် မိမိအသက်အရွယ်နှင့် ကိုက်ညီသော ကလေးစာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိနိုင်သော စာပေဆိုင်ရာ အကျိုးကျေးဇူးများအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက် ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပရာ အ.လ.က (၃) ပြင်ဦးလွင်ကျောင်းမှ  ကျောင်းသား၊ကျောင်း သူများ (၂၅) ဦးက ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအလိုက် အကောင်းဆုံး ဆုရ ကျောင်းသား/ကျောင်းသူများအား  အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)