မြန်အောင် ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြန်အောင်မြို့ အမှတ် ၃ ရပ်ကွက် ဧရာဝတီမြစ်ကမ်းမော်တော်ဆိပ်တွင် ယမန်နေ့နံနက်က ရေပြင်အသက်ကယ် ရှာဖွေရေးဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ရေပြင်အသက်ကယ်ရှာဖွေရေး ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးသန်းဝင်းဇော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့က ဧရာဝတီမြစ်အတွင်း ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ကြပြီး ဧရာဝတီမြစ်ရေ တက်နေသည့်အတွက် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)