သတင်းများ

ရေနံချောင်းရေနံမြေတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပူးပေါင်း၍ အခြေခံရှေ့ဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ပို့ချ
May 12,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းရေနံမြေတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ GOLDPETROL.JOC Inc.နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေ့ဦးပြုစုခြင်းသင်တန်းကို မေလ ၁၀ ရက်နေ့မှ မေလ ၁၃ ရက်နေ့ ယနေ့ထိ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်းသိရသည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မီးခိုးမြူငွေ့အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်
May 12,2022
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက မီးခိုးမြူငွေ့အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဦးမြို၌ သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတွင် အသံမစဲပဌာန်းရွက်ဖတ်ပူဇော်ပွဲကျင်းပ
May 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ရခိုင့်ရှေ့ဟောင်းသမိုင်းဝင် ယဉ်ကျေးမှု နယ်မြေအတွင်းရှိ အထင်ကရစေတီ၊ ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲပဌာန်းရွက် ဖတ်ပူဇော်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၈ နာရီအချိန်က သျှစ်သောင်းဘုရားရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 12,2022
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူး၍ ရာသီဥတုကောင်းမွန်မျှတစေပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရန်နှင့် ရေမြေသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ရေနံချောင်းမြို့ မြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၃၅၇/၅)အနီး အထူးစိမ်းလန်းစိုပြည်ရေးဇုံစီမံကိန်း (Greening Complex Zone) ဧရိယာတွင် ကျင်းပပြုလုပ်သည်။
ပေါက်တောမြို့နယ် IDPs စခန်းများ၌ ခိုလှုံနေကြသော ပြည်သူများအား အဋ္ဌမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covaxin) ထိုးနှံ
May 12,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းများတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား အဋ္ဌမအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin)ကို ယမန်နေ့နံနက်ပိုင်းက ထိုးနှံခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနှစ် မွန်ပြည်နယ် ကာယပညာနှင့်အားကစား အခြေခံနည်းပြ(မွမ်းမံ)သင်တန်းဖွင့်လှစ်
May 12,2022
၂၀၂၂ ခုနှစ် မွန်ပြည်နယ် ကာယပညာနှင့်အားကစား အခြေခံနည်းပြ (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မုံရွာခရိုင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှ မတ်လအထိ)ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲကျင်းပ
May 12,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် "မဟာသဒ္ဓမ္မ ဇောတိကဓဇ"ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ ဆရာတော်အရှင်သူမြတ်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲကျင်းပ
May 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာ ခေါင်းတုတ်ဘုန်းတော်ကြီးကျောင်းတိုက်မှ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရတော်မူသော " "မဟာသဒ္ဓမ္မ ဇောတိကဓဇ"ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ ဆရာတော်အရှင်သူမြတ်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။