မက်မန်းမြို့၌ တိုးချဲ့ဖောက်လုပ်မည့် ကျေးလက်ကုန်ထုတ်လမ်း(၂/၀မိုင်) ကွင်းဆင်းစစ်ဆေး

မက်မန်း  ဇူလိုင်  ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ဒေသအတွင်း ကုန်စည်စီးဆင်မှု မြန်ဆန်စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း(၂/၀မိုင်) အခြေအနေအား တာဝန်ရှိသူများမှ ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင် ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများက မက်မန်းမြို့နယ် ၊ အေးကျန့်ကျေးရွာအုပ်စု၊ ပါလောင်းကျေးရွာ စိုက်ပျိုးသီးနှံထုတ်ကုန်များ ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက် တိုးချဲ့ဖောက်မည့် ကျေးလက်ကုန်ထုတ်လမ်း(၂/၀မိုင်)ကို မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အေးကျန့်ကျေးရွာအုပ်စု၊ ပါလောင်းကျေးရွာကျေးလက်ကုန်ထုတ်လမ်း(၂/၀မိုင်) တိုးချဲ့ဖောက်လုပ်ခြင်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်( ၇၉.)သန်းဖြင့် တင်ဒါအောင်မြင်သော “မက်မန်းဗလ”ကုမ္မဏီမှစနစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

စိုင်းရွှေအောင်( ခရိုင်ပြန်/ဆက်)