ရန်ကုန်အရှေ့ပိုင်းခရိုင်  လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲကျင်းပ

သင်္ဃန်းကျွန်း   ဇူလိုင်    ၂

ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ပိုင်းအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမ တင်ထက်ထက်ဇော်(ပေါက်ပေါက်)က ပါလီမန်ခေတ် ကာလက ထင်ပေါ်ကျော်ကြားခဲ့သော မြန်မာ အမျိုးသမီးများအကြောင်းတို့နှင့် ပတ်သက်ပြီး အနာဂတ်အမျိုးသမီးငယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသေးစိတ်အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသောလူငယ်လူရွယ်လေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စာရေးဆရာမ တင်ထက်ထက်ဇော် (ပေါက်ပေါက်)က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)