တာချီလိတ်မြို့ စံလင်းဖြိုးကိုဗစ်စင်တာမှ လာအိုနိုင်ငံ နေရပ်ပြန် အလုပ်သမား (၄၂)ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်

တာချီလိတ် ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှ နေရပ်သို့ ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ် သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၄၂)ဦးကို ယမန်နေ့  နေ့လယ် ၁၁ နာရီအချိန်၌  မော်တော်ယာဉ် များဖြင့် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၂၁၁)ဦးသည် ဇွန်(၂၇) ရက်နေ့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းမှ ပြန်လည်ဝင်ရောက်လာခဲ့ကြရာ တွင် ကာကွယ်ဆေး ၂ ကြိမ်ထိုး ပြီးကြောင်း လက်မှတ်မပါရှိသူ ၄၅ ဦးကို စံလင်းဖြိုး Quarantine Centre ၌ ရောဂါပိုးစောင့်ကြည့် စစ်ဆေးနိုင် ရန် (၅) ရက်ကြာထားရှိပြီး သတ်မှတ်ကာလအတွင်း နှာခေါင်းနှင့် အာခေါင်တို့ပတ်ရယူ စစ်ဆေးခဲ့ရာ၌ အမျိုးသား(၃)ဦး Positive တွေ့ရှိရကြောင်း၊ ထို ၃ ဦးကို ဆက်လက်၍ သတ်မှတ်ကာလထိ Quarantine ထားရှိပြီး ကျန်းမာရေး စောက်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများကို ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းဝင်များက ကူညီ စောင့်ရှောက်ပေး လျက်ရှိပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က လိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။

ယာဆေး (ပြန်/ဆက်)