ရှမ်းရွာသစ်မြို့တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

ရှမ်းရွာသစ် ဇူလိုင်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယနေ့ နံနက် ၉ နာရီက ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ရှိ  မွေးကင်းစမှ သက်(၁)နှစ်ခွဲအောက် ကလေးများနှင့်  ပုံမှန်ကာကွယ်ဆေး ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါ ကာကွယ်ဆေး ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေး၊ ဝက်သက် ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့်   ကာကွယ်ဆေး ထိုးနှံမှုစာရင်းများ စနစ်တကျရေးသွင်းခြင်းနှင့် ကလေးငယ်များ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ဇင်လေး(ပြန်/ဆက်)