လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး” တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ

လှိုင်းဘွဲ     ဇူလိုင် ၈

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်()ရပ်ကွက်၊ ကြာအင်းတောင်ခြေရင်း၌ တည်ဆောက်လျက်ရှိသော ပြည်နယ်ကျက်သရေဆောင် သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးတည်ဆောက်ပြီးစီးနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်း အလှူခံရရှိရေးနှင့်ကော်မတီဖွဲ့စည်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့မ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ် သံယနာယက ဥက္ကဋ္ဌ ဥူးခေမီသာရာလင်္ကာရက သာသနာ့ဝေစည်ဗိမာန် တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ တည်ဆောက်ရေးလုပ်ငန်းများ၊ အလှူခံကောက်ခံရရှိမှုတို့ကို လျှောက်ထားတင်ပြခဲ့သည်။ ထို့နောက် မဲဆမိတ်ကျောင်း ဆရာတော် ဥူးစန္ဒရက အလှူခံရရှိနိုင်ရေးနှင့်ပတ်သက်၍ ကော်မတီဖွဲ့စည်းနိုင်ရေးကို လျှောက်ထားတင်ပြခဲ့ပြီး လှိုင်းဘွဲမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဥူးအဂ္ဂဝံသက လှိုင်းဘွဲမြို့နယ် အတွင်းကျောင်းတိုက်များ၊ ကျေးရွာများမှ အလှူငွေ ရရှိနိုင်ရေးအတွက် တင်ပြလျှောက် ထားခဲ့သည်။ ဆက်လက်၍ ကြွရောက်လာသော ဆရာတော်/သံဃာတော်များ၊ တက်ရောက် လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင ဂေါပကလူကြီးများက သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီးတည်ဆောက်ပြီးစီးနိုင်ရေးအတွက် အလှူငွေများ ကောက်ခံမည့် အခြေအနေတို့ကို ဆွေးနွေးလျှောက်တင်ခဲ့ပြီး အလှူခံ ရရှိနိုင်ရေးအတွက် ကော်မတီဖွဲ့စည်း ခြင်းတို့ကို ဆောက်ရွက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)