ပင်းတယ ဇူလိုင် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာနဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လစဉ်ပုံမှန်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်မှ မိမိတို့ဒေသအတွင်း၊ စီးပွားရေး၊ လူမှုရေးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဌာနဆိုင်ရာများအနေဖြင့် ပြည်သူ လူထုနှင့် ပူးပေါင်းပါဝင် ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ဌာနဆိုင်ရာများအလိုက် အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးဂရုပြုကြရေး လမ်းညွှန်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် လတ်တလောအဖြစ်များနေသည့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် လူဦးရေစာရင်းနှင့် မှတ်ပုံတင်ပြုလုပ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေး ဆိုင်ရာများ၊ စည်ပင်သာယာရေးဦးစီးဌာနမှ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်နေမှု၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင် ရွက်ထား ရှိမှုများနှင့် မြို့နယ်အဆင့်ဌာန အသီးသီးမှ၎င်းတို့ဌာနအလိုက် ဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေး ပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အေးအေးလတ်(ခရိုင်ပြန်/ဆက်)