ရပ်​စောက်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကဗျာပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရပ်​စောက် ဇူလိုင် ၈

၂၀၂၂  ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် ​ကျောင်း​ပေါင်းစုံ ကဗျာပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်()အ​ခြေခံပညာအထက်တန်း​ကျောင်း ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာ မျက်ရည်သွန်းဖြိုး ဇူလိုင် (၁၉)”​ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား/ ​ကျောင်းသူ (၃၅)ဦး ဝင်​ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး မ​မေ့အပ်​သောဆယ့်ကိုးဇူလိုင်” ​ခေါင်းစဉ်ဖြင့် စာစီစာကုံး ပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူ (၄၃)ဦး ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့်​ကျောင်းသား၊ကျောင်းသူများအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား၌ ဆုများ​ပေးအပ်ချီးမြှင့်သွားမည်ဖြစ်​ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)