ဒက္ခိဏသီရိမြို့နယ်တွင် တိရစ္ဆာန်အစာပင်(နေပီယာ) မြက်စိုက်ပျိုးခြင်းနှင့် မေထုန်မဲ့သားစပ်ခြင်းအကြောင်း အသိပညာပေးဟောပြော

ဒက္ခိဏသီရိ ဇူလိုင် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နေပီယာမြက်စိုက်ပျိုးခြင်းနှင့် မေထုံမဲ့သားစပ်ခြင်းအကြောင်း အသိပညာပေး ကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ SMU ဘက်စုံသုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ထက်မမဖြိုးက မေထုန်မဲ့သားစပ်ခြင်းများအကြောင်း၊ ကျွဲ၊ နွားများ လွှတ်ကျောင်းစနစ်မှခြံ‌လှောင်စနစ်သို့ ပြောင်းလဲမွေးမြူနိုင်သည့်အကြောင်း၊ အစာရှားပါးချိန်တွင် ကျွေးမွေးနိုင်ရန်အတွက် တိရစ္ဆာန်အစာပင် (နေပီယာ)မြက်စိုက်ပျိုးပုံအဆင့်ဆင့်နှင့် နေပီယာမြက်ကို တိရစ္ဆာန်များအား ကျွေးမွေးပုံ၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သည့် ခွာနာလျှာနာ ရောဂါအကြောင်း၊ အရေပြားအကျိတ်နာရောဂါအကြောင်းနှင့် ဆိတ်များတွင်ဖြစ်ပွားတက်သည့် လေပွရောဂါအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး မွေးမြူရေးလုပ်ငန်း လိုင်ကိုင်သည့် ကျေးလက်နေပြည်သူများအား မွေးမြူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)