မိုင်းရှူး ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ စဝ်မန်ဖလမ်းတွင် အရှည်(၁၈၅)ပေ၊ အကျယ်(၁၅)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယနေ့ နံနက်(၁၁)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် မိုင်းရှူးမြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၉.၇၁၂)ဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ၅-၅-၂၀၂၂ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)