လပွတ္တာ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၁)အချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက စားသုံးသူရေးရာနှင့် ပတ်သက်၍ သိလိုသည့် များကို မေးမြန်းခဲ့ရာ လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၁)ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း (၁၂) ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးတို့အား ရှင်းလင်းပြောကြားခဲ့သည်။
လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့များ သိသင့်သိထိုက်သော အသိ ပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်