ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဒဂုံမြောက် ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား/သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ယနေ့နံနက်ပိုင်းတွင်  အမှတ်(၁၄)အခြေခံပညာ မူလတန်းကျောင်း၊ အမှတ် (၁၇) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၁၈)အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၁၉)အခြေခံပညာ မူလတန်းကျောင်းတို့မှ  ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောင်းသား၊ ကျောင်းသူ‌လေးများအား လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင်  ယမန်နေ့က မူလတန်းကျောင်း (၃) ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း တစ်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၁၃၅) ဦးအား ပထမအကြိမ်နှင့် (၇၄၇) ဦးတို့အား ဒုတိယအကြိမ် (Sinopharm) ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ပြည်သူ (၆၂) ဦးအား သတ်မှတ်စုရပ်တွင် တတိယအကြိမ် (Booster dose) ထိုးနှံပေးခဲ့ကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သတင်းရသည်။

မြင့်မြင့်ရီ