ဒိုက်ဦးမြို့နယ်၌တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ဒိုက်ဦး ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများသို့ ထုတ်ချေးခဲ့သည့် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၂၃)ရက်နေ့မှစတင်၍ ဒိုက်ဦးမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေအတွက် တစ်ဧကလျှင်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့်  ကျေးရွာအုပ်စု (၁၄)အုပ်စု၊ တောင်သူ (၂၀၇)ဦး၊ (၁၅၆၆)ဧကအတွက် (၂၃၄၉)သိန်းကို ထုတ်ချေးပြီး ချေးငွေပြေကျေပြီးသည့် တောင်သူလယ်သမားများအား ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မန်နေဂျာ ဒေါ်ဗေဒါရီထံမှသိရသည်။

မြို့နယ်(ပြန်ဆက်)