သတင်းများ

စမ်းချောင်းမြို့တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေး သူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီက မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်မှုနှင့် ပြည်သူလူထုပညာပေး ပိုစတာ စိုက်ထူခြင်း ဆောင်ရွက်
Jul 14,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်မှုနှင့် ပြည်သူလူထုပညာပေး ပိုစတာ စိုက်ထူခြင်း ဆောင်ရွက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ဒေသနွားမျိုးထိန်း မျိုးပွားသရုပ်ပြခြံတွင် ကျင်းပခဲ့ရာ ပြည်သူလူထု အသိပညာပေး ပိုစတာစိုက်ထူခြင်း အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးများ တက်ရောက်ကြသည်။
ဝေါမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းအသိပညာပေးခြင်းများဆောင်ရွက်
Jul 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ရွက်ပေးခြင်းတို့အား ယမန်နေ့က နံနက် ၁၀:၀၀ နာရီက ကံမြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ် ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ရပ်ကွက်များအရောက် ကွင်းဆင်းထိုးနှံ
Jul 14,2022
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက အခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အမှတ်(၄၀)ရပ်ကွက်၊ ဓမ္မာရုံတွင် ဆေးထိုးစုရပ် သတ်မှတ်၍ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် ပြည်သူများအား ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့‌ကြောင်း သိရသည်။
တောင်ကြီးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော
Jul 14,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရေးမြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် နွားများ ကာကွယ်ဆေးထိုးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများဆောင်ရွက်
Jul 14,2022
မွန်ပြည်နယ် ရေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အစီအစဉ်ဖြင့် အမှတ်(၁၉) စစ်ဆေင်ရေးကွပ်ကဲမှုဌာနချုပ် မွေးမြူရေးခြံ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က နွားများကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် မွေးမြူရေးခြံ ပိုးသတ် ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ အသက်(၁၄)နှစ် ဘောလုံးအားကစားဝါသနာရှင် ကျောင်းသားများ ယှဉ်ပြိုင်ကစား
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ အသက်(၁၄)နှစ် ဘောလုံးအားကစား ဝါသနာရှင် ကျောင်းသားများအား မြို့နယ်ကိုယ်စားပြု U-၁၄ အမျိုးသားဘောလုံးအသင်းအဖြစ် ဖွဲ့စည်းနိုင်ရန်အတွက် ယမန်နေ့ နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ဘောလုံးအားကစားဝါသနာရှင် ကျောင်းသား (၂၈) ဦးတို့ကို အသင်းများဖွဲ့၍ အလှည့်ကျယှဉ်ပြိုင်ကစားလျက်ရှိသည့် အခြေအနေ တို့ကိုကြည့်ရှုကာ မြို့နယ်ဒုတိယပညာရေးမှူး ဦးသန်းအေးဦးဆောင်၍ ကျောင်းပေါင်းစုံမှ အားကစားမှူးများဖြစ်သည့် ဆရာ၊ ဆရာမများက စိစစ်ရွေးချယ်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ ဝင်ဦးမြင့်စိုး လယ်ဝေးခရိုင်အတွင်းရှိ ခရိုင်နှင့်​ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေး
Jul 14,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ(၁)နာရီက ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လယ်ဝေးခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လယ်ဝေးခရိုင်အတွင်း စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍများ