သတင်းများ

နှစ်ရှည်ထောပတ်ပင်အောက်များ၌ ဝဥစိုက်ပျိုးဖြစ်ထွန်းအောင်မြင်
Jul 13,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု ထီရီးကရင်ရွာ၌ နှစ်ရှည်ထောပတ်ပင်အောက်များတွင်
သထုံရွှေစာရံစေတီတော်မြတ်ကြီး၌ ဝါတွင်းတရားပွဲများ ပြန်လည်ကျင်းပပြုလုပ်
Jul 13,2022
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ဝါတွင်းကာလ ဥပုသ်နေ့များ၌ ကျင်းပပြုလုပ်မြဲဖြစ်သည့် ဝါတွင်းတရားပွဲများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်ခန့် ရပ်နားထားခဲ့ရာမှ ယခုနှစ်ဝါဆိုလပြည့် (ဓမ္မစက်ကြာအခါတော်နေ့)မှ စတင်ကာ အပတ်စဉ် ဥပုသ်နေ့တိုင်း ပြန်လည်ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိသည်။
ရှမ်းရွာသစ်မြို့ အမှတ်(၁)ရပ်ကွက် ခတ္တာလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်
Jul 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၉၉၈၀၀၀၀/-) ဖြင့် အမှတ်(၁)ရပ်ကွက် ခတ္တာလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝါဆိုလပြည့်နေ့ မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား
Jul 13,2022
၂၀၂၂ ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးနှင့် ကန်ကလေး စေတီတော်တို့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ဘားအံမြို့ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ (၂၂) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူ
Jul 13,2022
ဝါတွင်းကာလ ဝါဆို၊ ဝါကပ်တော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များစုပေါင်း၍  (၂၂) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့) ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ကျင်းပသည်။
ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့တွင် မအူပင်မြို့တွင်းရှိ ဘုရားစေတီများတွင် စည်ကား
Jul 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့တွင် ဥပုဒ်သီလဆောက်တည်ခြင်း၊ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဘုရားပွဲနှင့် သစ်သီး၊ ဆွမ်းကပ်လှူပူဇော်ခြင်း၊ ပန်း၊ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊
ကျောက်ဆည်မြို့နယ်အတွင်းရှိ  အမှတ် (၂) ခရိုင်ချင်းဆက်လမ်းတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး လမ်းတာဘောင်တိုးချဲ့းခြင်းများ ဆောက်ရွက်ပေးသွားမည်
Jul 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ အမှတ် (၂) ခရိုင်ချင်းဆက်လမ်းတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး လမ်းတာဘောင်တိုးချဲ့ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
ငါးသိုင်းချောင်းမြို့၌ ရှင်သာမဏေ(၁၅၆)ပါးအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ သိရီအောင်စေကျောင်းတိုက်အတွင်း၌ ဇူလိုင်လ ၁၂ ရက်၊ ဝါဆိုလပြည့်နေ့ ညနေပိုင်းက မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျောင်းတိုက်ပေါင်း(၅၀)ကျော်ရှိ ရှင်သာမဏေ(၁၅၆)ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။