သာပေါင်းမြို့နယ်တွင် ချစ်ကိုကို မော်တော်ယာဉ်လိုင်း မိသားစုနှင့်ခရီးသည်များမှ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၆)ရက်နေ့ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်

သာပေါင်း ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့ ဇူလိုင်လ ၁၈ ရက်၊ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၆)ရက်နေ့ နံနက် ၄ နာရီခွဲအချိန်မှစတင်၍ အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်း ကားဂိတ်ရှေ့တွင် ချစ်ကိုကို မော်တော်ယာဉ်လိုင်း မိသားစုနှင့်ခရီးသည်များမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။

ထိုသို့ အာရုဏ်ဆွမ်းပါတ် လောင်းလှူပူဇော်ပွဲတော်ကို မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၄)ကျောင်းမှ ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော် အပါး(၁၃၅)ပါးတို့ကို ပင့်ဖိတ်၍ အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်း ကားဂိတ်ရှေ့တွင် ချစ်ကိုကို မော်တော်ယာဉ်လိုင်း မိသားစုနှင့်ခရီးသည်အလှူရှင်များမှ နိဗ္ဗာန်ရည်မှန်း စုပေါင်းထည့်ဝင် လှူဒါန်းအပ်သော၍ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ၊ စာရေးတံများအား ဆက်ကပ်လောင်းလှူ ပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှပေးဝေ ဝမ်းမြောက်ဝမ်းသာ သာဓု(၃)ကြိမ် ခေါ်ဆိုကြကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)