သာပေါင်းမြို့နယ် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များ အောင်နိုင်ရေးအလံ ပေးအပ်ပွဲကျင်းပ

သာပေါင်း ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များ အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များ အောင်နိုင်ရေးအလံ ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှ သီဆိုကပြဖျော်ဖြေခြင်း၊ ကဗျာလွတ် အကများဖြင့် ကပြဖျော်ဖြေကြရာ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်းတို့က ထောက်ပံ့ချီးမြှင့်ကြပြီး ကြည့်ရှုအားပေးကာ မိခင်နှင့်ကလေးဥက္ကဋ္ဌ ဒေါ်နုနုလှိုင်၊ အမျိုးသမီးရေးရာ အတွင်းရေးမှူး ဒေါ်ငြိမ်းငြိမ်းစိုးတို့မှ ပြင်ပပြိုင်ပွဲဝင်များအား ထောက်ပံ့ငွေနှင့် ဆုများပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်အုပ်ချုပ်သူ ဦးစိုးမင်းထံသို့ အောင်နိုင်ရေးအလံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)