ကော့သောင်းမြို့ ရပ်ကွက်များအတွင်း အသက်(၅)နှစ်မှ (၁၅)နှစ်အရွယ် ကျောင်းမနေသည့် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကော့သောင်း ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ရပ်ကွက်များအတွင်း အသက်(၅)နှစ်မှ (၁၅)နှစ်အရွယ် ကျောင်းမနေသည့် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်မှ ကလေးငယ်(၉၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၈)နှစ်အောက် (၅)နှစ်မှ (၁၅)နှစ်အရွယ် ကျောင်းမနေသည့် ရပ်ကွက်အတွင်း ကလေးငယ်များအား ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ကျောင်းမနေသည့် ကလေးငယ်များအား သတ်မှတ်ရက်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်း ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)