ပန်းတနော် ဇူလိုင် ၁၈
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ လုပ်ဆောင်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မူမူသွင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားပြီး အာဇာနည် ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ကဗျာများ စသည့်တို့ကို နံရံကပ်စာစောင်များတွင် ပြသထားရှိမှုနှင့် စာအုပ စာစောင်များ ခင်းကျင်းပြသထားရှိမှုတို့အား ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)