ချောင်းသာ(အ-ထ-က)၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ၃၁ ရာခိုင်နှုန်းကျော်ရှိ
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာန များတွင် ဇွန်(၁၇)ရက် နံနက်(၆) အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ချောင်းသာ(အ-ထ-က)စာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု (၃၁) ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။