သင်္ဃန်းကျွန်း ဇွန် ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်များတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးများ၊ သတိပြုရှောင်ရှားသင့်သည့် မူးယစ်ဆေးအန္တရာယ်များစသည့် အကြောင်းအရာများ ပါဝင်ပြီး ပြည်သူများ၊ လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)