မြင်းခြံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၂၂၆ ဦးရှိ

မြင်းခြံ  ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ ၂၂၆ ဦးရှိကြောင်း သိရှိရသည်။

မြင်းခြံမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၈၄) ဦး၊ ရိုးရိုးအောင်မြင်သူ ၁၃၁ ဦးတို့ အောင်မြင်ခဲ့ကြောင်းသိရှိရပြီး မြင်းခြံမြို့နယ်တွင် အောင်ချက် ရာခိုင်နှုန်းမှာ (၄၃.၈) ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြင်းခြံမြို့နယ်ရှိ စာစစ်ဌာန (၂) ၌ ကျောင်းသား/ ကျောင်းသူ (၅၁၆) ဦး ဝင်ရောက်ဖြေဆို ခဲ့ကြောင်း သိရှိရသည်။

ကျော်စွာ(မြင်းခြံ)