ချောင်းသာ ဇွန် ၁၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာန များတွင် ဇွန်(၁၇)ရက် နံနက်(၆) အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ချောင်းသာ(အ-ထ-က)စာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု (၃၁) ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။
ချောင်းသာမြို့တွင် ချောင်းသာ(အ-ထ-က) စာစစ်ဌာန(၁)ခုသာရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁၀၁ ဦးရှိသည့်အနက် အောင်မြင်သူ ၃၂ ဦးရှိပြီး (၂ )ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၉ ဦး ထွက်ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၁.၆၈ ရှိကြောင်း အဆိုပါစာစစ်ဌာနမှ သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)