ပျဉ်းမနား ဇွန် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ စာစစ်ဌာနများနှင့် မြို့နယ် ပညာရေးမှူရုံးတို့တွင် ၂ဝ၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း များကို ယနေ့ နံနက်(၆)နာရီအချိန်က စတင်ပြီး ထုတ်ပြန်ကြေညာပေးကြောင်းသိရသည်။
ပျဉ်းမနားမြို့နယ်အနေဖြင့် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ် ဌာန(၆)ခု၌ ဖြေဆိုသူ(၂၄၄၁)ဦးဝင်ရောက်ဖြေဆိုခဲ့ကြရာ စုစုပေါင်းဖြေဆိုအောင်မြင်သူ (၁၂၄၅)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၅၁)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဂုဏ်ထူးထွက်ရှိမှုအနေဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ ငါးဘာသာဂုဏ် ထူးရှင်(၅)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁၈)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅၈)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၃၆၉)ဦးဖြစ်ပြီး ရိုးရိုးအောင်မြင်သူ (၇၅၂)ဦး စုစုပေါင်း ဖြေဆိုအောင်မြင်သူ (၁၂၄၅)ဦး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)