သာစည် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် အသက် ၈၅ နှစ် နှင့်အထက် သက်ကြီး ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်) လများအတွက် မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ အမျိုးသားလူမှု ရေး ပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ၁၀၂၆ ဦး တို့ အတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၃၆၁၈၀၀၀၀ သိန်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်အမျိုးသားလူမှုရေးပင်စင်ရရှိ သူ သက်ကြီးဘိုးဘွားများထံသို ပြန်လည်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)