မင်းလှမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

အထက်မင်းလှ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုခဲ့သည့် စာဖြေဌာန(၅)ခုနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၁၂၄၈)ဦးရှိရာ အောင်မြင်သည့် ကျောင်းသား/ကျောင်းသူ (၆၅၄ )ဦး၊ ရာခိုင်နှုန်း (၅၂.၄၀%)ရှိပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သည့်ကျောင်းသား/ ကျောင်းသူများမှာ (၅)ဘာသာဂုဏ်ထူး (၂)ဦး၊ (၄)ဘာဂုဏ်ထူး (၄)ဦး၊ (၃)ဘာသာဂုဏ်ထူး (၁၂)ဦး၊ (၂)ဘာသာဂုဏ်ထူး (၂၂)ဦး၊(၁)ဘာသာဂုဏ်ထူး (၂၃၉)ဦး၊ စုစုပေါင်း (၂၇၉)ဦး ဂုဏ်ထူးဖြင့်အောင်မြင် ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)