ပခုက္ကူ ဇွန် ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလင်း၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄)သင်တန်းသူ (၃၅)ဦးတို့က ရေတမာ(၁၀)ပင်၊ ဇီးဖြူ(၁၀)ပင်၊ ကျွန်း(၁၀)ပင်၊ မယ်ဇယ်(၁၀)ပင်၊ သပြေ(၁၀)ပင် စုစုပေါင်း သစ်ပင်ပျိုးပင်(၅၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးကြ ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)