ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၄၄.၆၃%) ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိ

ဇမ္ဗူသီရိ ဇွန် ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ  သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာန များတွင် ယနေ့နံနက် (၆)နာရီမှ စတင်ကာ ထုတ်ပြန်လျက်ရှိရာ ဇမ္ဗူသီရိမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။

 ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာန (၅) ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၅၁) ဦး ဝင်ရောက်ဖြေ ဆိုကာ အောင်မြင်သူ(၉၆၀) ဦးရှိသည်။ ယင်းအပြင် ခြောက်ဘာသာ ဂုဏ်ထားရှင် (၆) ဦး၊ ငါးဘာသာဂုဏ်ထူးရှင်  (၇) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၀) ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၁၀) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄၃) ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၂၉၄) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၄၄.၆၃%) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)