လေးမျက်နှာ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာန အသီးသီးတွင် ၂၀၂၂-၂၀၂၃ အခြေခံပညာ အထက်တန်းတက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမှု အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် အထက-လေးမျက်နှာ စာစစ်ဌာန၊ အထက-အိုင်သပြု စာစစ်ဌာန၊ အထက-ခမောက်စု စာစစ်ဌာန၊ အထက-လှော်ကထား စာစစ်ဌာန၊ အထက-ပန်းတောကြီး စာစစ်ဌာန၊ အထက-မဲဇလီ စာစစ်ဌာန စသည့် စုစုပေါင်း စာစစ်ဌာန (၆)ခုရှိပြီး ဖြေဆိုသူ (၉၂၇)ဦးတွင် အောင်မြင်သူ (၄၉၈)ဦးရှိရာ အောင်ချက်ရာခိုင်နှုန်း ၅၃.၇၂ ရှိသည်။
အခြေခံပညာအထက်တန်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဌာန၏ Website များတွင်လည်း ထုတ်ပြန်ပေးလျက်ရှိပြီး ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၆ နာရီအချိန်မှစ၍ မြို့နယ်အသီးသီးတွင် တစ်ပြိုင်ထဲ ထုတ်ပြန်ကြေညာ ပေးလျက်ရှိသည်။
ကျော်ဟိန်း(ပြန်/ဆက်)