ဝမ်းတွင်း ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင် မိခင်နှင့်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှစတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ်နှင့် ရပ်ကွက်ကျေးရွာအုပ်စု ဆေးထိုးစုရပ်များတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်ပေး ရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၅)နှစ် မှ (၁၅)နှစ်ကြားရှိ ကျောင်းသား ကျောင်းသူများ၊ အသက်(၅)နှစ်မှ (၁၅)နှစ်ရှ ိကျောင်းပြင်ပ (ကျောင်းမနေသူများ)၊ အသက် (၁၅) နှစ် အထက်ရှိသူများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျှက်ရှိပြီး ယနေ့နံနက်တွင် Zeneca First Dose Phase-11(၄၀)ဦး၊ Myancopharm First Dose Phase-11(၃၄၅)ဦး၊ Zeneca Second Dose Phase-10 (၅၇၀)ဦး၊ စုစုပေါင်းပြည်သူ(၁၀၅၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရဲမျိုးသက် (ဝမ်းတွင်း)