တောင်သာ ဇွန် ၁၇
တောင်သာမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာ နကျောင်းများတွင် ယနေ့နံနက် ၆ နာရီအချိန်က စတင်ပြီး ထုတ်ပြန်ကြေညာပေးကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်းက စာစစ်ဌာနကျောင်းများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို ဒီနေ့မနက်၆ နာရီအချိန်က စတင်ပြီး ထုတ်ပြန်ကြေညာပေးထားပါတယ်။ တောင်သာမြို့နယ် ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ စာရင်းရှိ ကျား/မ စုစုပေါင်း(၁၃၅၆) ဦး၊ ဖြေဆို ကျား/မ စုစုပေါင်း(၁၂၀၄) ဦး၊ အောင်မြင်သူဦးရေ ကျား/မ စုစုပေါင်း (၄၉၅) ဦး ၊တစ်ဘာသာဂုဏ်ထူးရှင် (၁၅၁) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၄၅) ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၃၃) ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၁) ဦးရှိပြီး အောင်ချက်ရာခိုင်းနှုန်းမှာ ၄၁.၁၁ ရာခိုင်နှုန်း ဖြစ်ပါတယ်ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မြို့နယ်အတွင်းရှိ စာစစ်ဌာန (ကျောင်း) များတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာထားမှုကို လူကိုယ်တိုင် လာရောက်ကြည့်ရှုကြသူများရှိသကဲ့သို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website စာမျက်နှာမှ စာမေးပွဲအောင်စာရင်းကြည့်ရှုသူများလည်း ရှိကြောင်း သိရသည်။