၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝိဇ္ဇာဘာသာတွဲတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဒုတိယဆု ရရှိသူ အ.ထ.က ရွှေကျောင်းမှ သုံးဘာသာဂုဏ်ထူးရှင် မယဉ်ယဉ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဇလွန် ဇွန် ၁၇

မင်္ဂလာပါရှင့် သမီးနာမည်ကတော့ မယဉ်ယဉ်နွယ် ဖြစ်ပါတယ်ရှင့်။ သမီးကျောင်းစတက်ကတည်း ကျောင်းမှန်မှန်တက်ခဲ့ပါတယ် စာကိုပုံမှန် ကျက်ခဲ့ပါတယ်ရှင့်။ ဆရာ၊ ဆရာမတွေ စာသင်ကြားတဲ့ အချိန်မှာလည်း အာရုံစူးစိုက်ပါတယ်၊ တစ်နေ့ပေးတဲ့ ကျောင်းသင်ခန်းစာများကို တစ်နေ့ပြီးမြောက်အောင် ကျက်ခဲ့ပါတယ်။ ကျန်းမာရေးကိုလည်း အတတ်နိုင်ဆုံး ကရုစိုက်ခဲ့ပါတယ်။

စာပေသင်ကြားမှုအတွက် အထောက်အကူပြုစေဖို့ အားလပ်ချိန်တွေမှာ ကျောင်းစာကြည့်တိုက်ကနေ ဗဟုသုတရစေတဲ့ စာအုပ်စာပေတွေကို ဖတ်ရူခဲ့ပါတယ်။ ကျောင်းသင်ခန်းစာတွေကို သူငယ်ချင်းတွေနဲ့အတူ အပြန်အလှန် ဆွေးနွေးခဲ့ကြတာမျိုး လုပ်ပါတယ်။

သမီးအနေ့နဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်ကောင်းစွာနဲ့ အောင်မြင်တဲ့အတွက် ဝမ်းသာမိပါတယ်။ သမီးကတော့ အထက်တန်းပြ ဆရာမတစ်ယောက် ဖြစ်ချင်ပါတယ်။ အေးချမ်းတဲ့ ဆရာမဘဝကို သဘောကျပြီး အနာဂတ်မျိုးဆက်သစ်များကို မိမိတတ်နိုင်တဲ့ အင်အားနဲ့ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်မယ့် ထူးချွန်တဲ့ နိုင်ငံ့သားကောင်းတွေကို မွေးထုတ်ပေးတဲ့ ဆရာမကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်ရှင့်။

ဝေယံ(ပြန်/ဆက်)