ပလောက် ဇွန် ၁၇
ပလောက်မြို့အတွင်း မီးဖိုချောင်စားသုံးကုန်ဖြစ်သည့် ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းအား အစားအသောက်ဘေးကင်းလုံခြုံမှု ရှိ/မရှိကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှုပြီး အားပေးကူညီခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ပလောက်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့အုပ်ချုပ်ရေးမှူးဦးခင်မောင်စိုး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးဦးသော်ဇင်ထွန်းနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူးဦးသက်လွင်တို့ပူးပေါင်းပါဝင်ကြပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ အစားအသောက်ဘေးကင်းလုံခြုံစိတ်ချရေး၊ ထုတ်ကုန်ပစ္စည်းအရည်အသွေးမြင့်မားရေးနှင့် လုပ်သားများ၏နေထိုင်မှုဘဝသာယာအဆင်ပြေစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးမှ အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်