သိန္နီ ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိရေး၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတကြွယ်ဝရေးအတွက် နယ်လှည့်ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က သိန္နီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြသခဲ့သည်။
အဆိုပါ ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များ၌ မိုးရာသီတွင် ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဓါတ်ပုံမှတ်တမ်းများဖြင့် ဝေဝေဆာဆာ ပြသခြင်းဖြစ်သည်။ “ယခုကဲ့သို့ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ပြည်သူများ လေ့လာမှတ်သားဖွယ်ဖြစ်အောင် ပြသထားသဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များကို သိရှိရပါကြောင်း” ပြပွဲသို့ လာရောက်လေ့လာကြည့်ရှုသော ကျောင်းသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြသရာတွင် သိန္နီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၃၅၀)ဦးတို့က စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)