ကျိုင်းတောင်းမြို့ အ.မ.က(ပါဆာ)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ကျိုင်းတောင်းမြို့ အ.မ.က(ပါဆာ)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်

ကျိုင်းတောင်း  ဇွန် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(ပါဆာ)ကျောင်းသို့ ကွင်းဆင်း၍ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲ နှင့် နည်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာမူလတန်း(ပါဆာ)ကျောင်းသို ကွင်းဆင်းဆောင်ရွက်ရာ၌ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းသီဟထွန်းမှ “ မူးယစ်အန္တရာယ်တို့ကာကွယ်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ဟောပြော ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍ ကျောင်းသားကျောင်းသူများအား ဗဟုသုတရရှိ စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများကိုပါ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူ များကို စာအုပ်ငှားရမ်းပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်  နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို ကျောင်းသားကျောင်းသူများက ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)