ငါးသိုင်းချောင်းမြို့လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ကျင်းပ

ငါးသိုင်းချောင်း ဇွန် ၁၇

ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ (Talk Show) အစီအစဉ်တွင် မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက အများပြည်သူ ဗဟုသုတရရှိစေမည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပါတ်သက်သည့် အကြောင်းအရာများကို မေးမြန်း ဆွေးနွေးခဲ့ရာ ရေကြည်မြို့နယ်ရဲတပ်ဖွဲ့၊ ငါးသိုင်းချောင်းနယ်မြေရဲတပ်ဖွဲ့စခန်းမှူး၊ ရဲအုပ်နိုင်လင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးအန္တရာယ်နှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်‌ရေးနှင့် ပါတ်သက်၍ လတ်တလော ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အများပြည်သူဗဟုသုတရရှိစေမည့် အကြောင်း အရာများကို သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ (Talk Show)အစီအစဉ်များကို online မှတစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများ အသိပညာ၊ အတတ်ပညာ ဗဟုသုတတိုးပွားရေးအတွက် စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)