နွားထိုးကြီးမြို့နယ်ရှိ စာစစ်ဌာနများ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန်

နွားထိုးကြီး ဇွန် ၁၇

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ယနေ့နံနက် နာရီအချိန်က စတင် ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာန ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲစာရင်းရှိ ၈၉၁ ဦး ရှိပြီး၊ ဖြေဆိုသူ ၈၁၁ ဦး၊ အောင်မြင်သူ ၂၉၇ ဦးရှိသည့်အနက် ဘာသာ ဂုဏ်ထူး ()ဦး၊ ဘာသာ ဂုဏ်ထူး ()ဦး ဘာသာဂုဏ်ထူး (၇၂)ဦး၊ ရိုးရိုးအောင်မြင်သူ (၂၀၈)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း (၃၇) ရာခိုင်နှုန်းဖြစ်ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိုရသည်။

အဆိုပါ မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် လူကိုယ်တိုင်လာရောက် မကြည့်ရှုသူများသည် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website စာမျက်နှာမှ စာမေးပွဲအောင်စာရင်း ကြည့်သူများ ရှိကြောင်း သိရသည်။

သန်းအောင်ဇော်