အိမ်မဲမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြသ

အိမ်မဲ ဇွန် ၁

‌ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ရုံး (Community Centre) ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟော‌ပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ကျောင်းသားကျောင်းသူများ မူးယစ်နွံမနစ်စေရေး ဆေးလိပ်ကအစ ရှောင်ကြဉ် ကြဖို့လိုကြောင်း မူးယစ်ဆေးဝါးသည် လူသားတို့ရဲ့ဘဝ အညွန့်တုံးစေ၍ မိသားစုအလိုက် ဘဝပျက်စေသောကြောင့် စမ်းသတ်မှုမပြုလုပ်ကြစေရန် အသိပညာပေးပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ် စာစောင် ဓာတ်ပုံပြခန်းပြသပေးခဲ့ရာ ကျောင်းသားကျောင်းသူလေးများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်(အိမ်မဲ ပြန်/ဆက်)