ဘားအံ ဇွန် ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးနှင့်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အသိ ပညာပေးTalk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ကရင်ပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ပွင့်ဦးဟန်က အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အကြမ်းဖက်ခြင်းအမျိုးအစားတွင် ပါဝင်သည့်စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအကြောင်း၊ အကြမ်းဖက်ခံရမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ အကြမ်းဖက်မှုမဖြစ်ပေါ်စေရန် တားဆီးကာကွယ်ရမည့်အခြေအနေများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့အနေနဲ့ အကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှုရပ်တန့်ရေးနေ့အဖြစ် နိုဝင်ဘာ(၂၅)ရက်နေ့မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိ (၁၆)ရက်တာ လှုပ်ရှားမှု ဖဲကြိုးဖြူနေ့အဖြစ် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)