သတင်းများ

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ECCD)သင်တန်းဆင်းပွဲ ကျင်းပ
Jun 15,2022
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ECCD)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်​နေ့ မွန်းလွဲ(၁)နာရီအချိန်က မူလတန်းကြို​ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဒလမြို့နယ် တိုင်းရင်းဆေးကုသရေးဌာနမှ မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများ အကြောင်းအသိပညာပေး ဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်
Jun 15,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ထော်အောက်ကျေးရွာသို့ မြို့နယ်တိုင်းရင်းဆေးကုသဌာနမှ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်း ဆေးကုသပေးခြင်း (အခမဲ့) ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး နံရံစာစောင်များ ပြသ
Jun 15,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်နေ ကျောင်းသား/သူများ ကျောင်းစာအပြင် အသိပညာ၊ ဗဟုသုတများ တိုးပွား ရရှိစေရေးရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် အသိပ‌ညာပေး နံရံစာစောင်များ ပြသဆောင်ရွက်ခဲ့သည်။
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမာများနှင့် ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ ပြိုင်ပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ
Jun 15,2022
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများနှင့် ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဝန်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူ များနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။
ကွမ်းခြံကုန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဟောပြောပွဲကျင်းပ
Jun 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့်
ငဖဲမြို့နယ် မင်းလွင်ကျေးရွာအုပ်စုမှ တောင်သူများအား ၂၀၂၂ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Jun 15,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းလွင်ကျေးရွာအုပ်စုမှ တောင်သူ (၇၃)ဦး၏ စပါးသီးနှံစိုက်ဧက (၁၁၇)ဧကနှင့် အခြားသီးနှံစိုက်ဧက (၁၇)ဧကအတွက် ချေးငွေကျပ် (၁၉၂.၅)သိန်းကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြိုအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးကြောင်းသိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆိုင်ရာ ထောက်ပံ့ပေးခြင်းသင်တန်း ဖွင့်လှစ်
Jun 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment & Gender Equality)တို့ ပူးပေါင်းပြီး စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆိုင်ရာထောက်ပံ့ပေးခြင်းသင်တန်းကို ယနေ့နံနက်(၉:၃၀) အချိန်က အဆိုပါစာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။